VISION + အကြောင်း

"VISION +" သည် ကမ္ဘာလုံးဆိုင်ရာပဏာမခြေလှမ်း လှမ်းမည့် အမြင်အာရုံပါဝင်သည့် ဂေဟစနစ်ကို တည်ဆောက်မည်ဖြစ်သည်။ vivo သည် အသုံးပြုသူဗဟိုပြုဒီဇိုင်းနှင့် မိုဘိုင်းဓာတ်ပုံနည်းပညာအတွက် ခေါင်းဆောင်မှုအပေါ် ရေရှည်ကတိကဝတ်ပြုမှုကို ထပ်လောင်းအတည်ပြုသည်။ VISION + ဂေဟစနစ်ကို National Geographic နှင့် တွဲဖက်၍ vivo VISION + Mobile Photography Awards ဖြင့် ဖွဲ့စည်းထားပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ National Geographic မိတ်ဖက်များနှင့် ပူပေါင်းလက်တွဲလုပ်ဆောင်နိုင်စေရန်အတွက် National Geographic မှ ရာနှုန်းပြည့် မီဒီယာအကူအညီ ပေးထားခြင်းဖြစ်ပါသည်။

VISION+ သည် "JOY IMAGE" ကို အဓိကအကြောင်းအရာအဖြစ် ဗဟိုပြုပြီး အကြောင်းအရာများကို ပူးပေါင်းဖန်တီးခြင်း၊ ပညာရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးများမှတစ်ဆင့် visual content ecosystem အသစ်တစ်ခုကို ဖော်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ မဟာဗျူဟာသည် vivo ၏ ထုတ်ကုန်တီထွင်ဖန်တီးခေါင်းဆောင်မှုနှင့် မိုဘိုင်းဓာတ်ပုံကို နေ့စဉ်ဘဝနှင့် ယဉ်ကျေးမှု၏ အရေးပါသော အစိတ်အပိုင်းတစ်အခုအဖြစ် ရှုမြင်သော စမတ်ဖုန်းအသုံးပြုသူများ၏ ပြောင်းလဲနေသော လိုအပ်ချက်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

vivo VISION + သည် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများနှင့် ထူးခြားသည့်IP (ဉာဏပစ္စည်းမူပိုင်) အဖြစ်ယူဆထားခြင်းသည် ကျွန်ုပ်တို့၏ vivo ဓာတ်ပုံဆိုင်ရာသင်္ကေတခရီးအတွက် အဓိကခြေလှမ်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်သည် ကြီးမားသော စိန်ခေါ်မှုများနှင့် ပြည့်နှက်နေပြီး ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အမှတ်ရစရာ ဘဝအခိုက်အတန့်များကို အာရုံစူးစိုက်နိုင်ရန် ကမ္ဘာတစ်ဝှမ်းရှိ အနုပညာရှင်များ၊ ဓာတ်ပုံဖန်တီးသူများနှင့်အတူ အလုပ်လုပ်လိုပါသည်။ အနုပညာရှင်များကို စိတ်ခံစားမှုများနှင့် အတွေ့အကြုံများကိုသာ အာရုံစိုက်ရန် တိုက်တွန်းလိုသည်။ အကြောင်းကတော့ vivo ဟာ ကမ္ဘာကြီးက မြင်တွေ့ထားတဲ့ အဲ့ဒီအရာတွေအတွက် စင်မြင့်တစ်ခုကို ဖန်တီးပေးထားလို့ပါပဲ။